တော​လည် 18:14-20 BJB

14 ဣသရေလအမျိုး၌ကျိန်ဆို၍ ပူဇော်သမျှတို့ကိုလည်း သင်ဆိုင်ရမည်။

15 အဦးဘွားသောသား၊ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှတို့ကို သင်ဆိုင်ရမည်။ သို့ရာတွင် လူ၏သားဦးနှင့် မစင်ကြယ်သော တိရစ္ဆာန်၏သားဦးကို အမှန်ရွေးရမည်။

16 ရွေးရသောသားတို့ကို အသက်တလလွန်မှ၊ သင်အဘိုးပြတ်သည်အတိုင်း ဂေရနှစ်ဆယ်နှင့်မျှသောအကျပ်တော်အလိုက် ငွေငါးကျပ်နှင့် ရွေးရမည်။

17 နွားသားဦး၊ သိုးသားဦး၊ ဆိတ်သားဦးသည် သန့်ရှင်းသောကြောင့်မရွေးရ။ သူ၏အသွေးကို ယဇ်ပလ္လင်ပေါ်မှာဖြန်းရမည်။ ဆီဥကိုလည်း ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေ၍၊ မီးဖြင့်ပူဇော်သက္ကာပြုရမည်။

18 အသားမူကား ချီလွှဲရာပူဇော်သက္ကာ၏ရင်ပတ်နှင့် လက်ျာပခုံးကဲ့သို့ သင့်အဘို့ ဖြစ်ရမည်။

19 ဣသရေလအမျိုးသားတို့သည် သန့်ရှင်းစေ၍ ထာဝရဘုရားအား ဆောင်ခဲ့သော ပူဇော်သက္ကာရှိသမျှတို့ကို သင်နှင့် သင်၏သားသမီးတို့အား ထာဝရပညတ်တရားအားဖြင့် ငါပေးပြီ။ သင်အစရှိသော သင်၏အမျိုးအနွယ်နှင့်ဆိုင်၍ ထာဝရဘုရားရှေ့တော်၌ ဆားနှင့်ယှဉ်သော ထာဝရပဋိညာဉ်ဖြစ်သတည်းဟု မိန့်တော်မူ၏။

20 တဖန်ထာဝရဘုရားသည် အာရုန်အားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့နေရာပြည်၌ သင့်အမွေခံရာမြေ၊ သူတို့နှင့်ရော၍ ပိုင်သောအဘို့မရှိရ။ ငါသည်ကား သူတို့တွင်သင်ပိုင်သောအဘို့ သင့်အမွေ ဥစ္စာဖြစ်၏။