တော​လည် 18:24-30 BJB

24 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအား ပူဇော်သက္ကာပြုသော ကိုယ်ဥစ္စာဆယ်ဘို့တဘို့ကို၊ လေဝိသားအမွေခံစရာဘို့ငါပေးပြီ။ ထို့ကြောင့် သူတို့ သည် ဣသရေလအမျိုးသားတို့နှင့်ရော၍ အမွေမခံရဟု ငါ့အမိန့်တော်ရှိ၏။

25 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် လေဝိသားတို့အား ဆင့်ဆိုရမည်မှာ၊

26 သင်တို့အမွေခံစရာငါပေးသော ဣသရေလအမျိုးသားတို့၏ ဥစ္စာဆယ်ဘို့တဘို့ကို သင်တို့သည်ခံယူသောအခါ၊ ထိုအဘို့ကိုဆယ်ဘို့ဘို့ပြန်၍ တဘို့ကိုထာဝရဘုရားအား ပူဇော်သက္ကာပြုရကြမည်။

27 ထိုပူဇော်သက္ကာကို၊ ကောက်နယ်တလင်းထဲကယူသော ဆန်စပါးကဲ့သို့၎င်း၊ စပျစ်သီးနယ်ရာကျင်းထဲကယူသော စပျစ်ရည်ကဲ့သို့၎င်း၊ သင်တို့အဘို့မှတ်ရလိမ့် မည်။

28 ထိုသို့သင်တို့သည် ဣသရေလအမျိုးသားတို့မှခံယူသော ဆယ်ဘို့တဘို့ထဲက၊ ထာဝရဘုရားအားပူဇော်သက္ကာပြုရကြမည်။ ထိုပူဇော်သက္ကာကိုလည်း၊ ယဇ်ပုရော ဟိတ်အာရုန်အားလှူရကြမည်။

29 သင်တို့ခံရသမျှသောအလှူတို့အထဲက အကောင်းဆုံးသောအဘို့ သန့်ရှင်းသောအဘို့ကိုနှုတ်ယူ၍ ထာဝရဘုရားအားပူဇော်သက္ကာပြုရကြမည်။

30 သို့ဖြစ်၍ သူတို့အားဆင့်ဆိုရမည်မှာ၊ လေဝိသားတို့သည် အကောင်းဆုံးသောအဘို့ကို နှုတ်ယူပူဇော်ပြီးမှ၊ ကြွင်းသောအဘို့ကို ကောက်နယ်တလင်း၏ကျေးဇူး၊ စပျစ်သီးနယ်ရာကျင်း၏ကျေးဇူးကဲ့သို့ မိမိတို့အဘို့ မှတ်ရလိမ့်မည်။