တော​လည် 19:1-7 BJB

1 တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကိုခေါ်၍ ထာဝရဘုရား စီရင်ထုံးဖွဲ့တော်မူသောပညတ်တရားဟူမူကား၊

2 အပြစ်မပါ၊ တခါမျှထမ်းဘိုးမတင်၊ ကွက်ကျားခြင်းမရှိ၊ အဆင်းနီသော နွားမပျိုကို၊ ဣသရေလအမျိုးသားတို့သည် ဆောင်ခဲ့မည်အကြောင်းဆင့်ဆိုလော့။

3 ယဇ်ပုရောဟိတ်ဧလာဇာ၌အပ်၍ တပ်ပြင်သို့ဆောင်သွားပြီးမှ၊ သူ့ရှေ့၌ အခြားသူသတ်ရမည်။

4 ယဇ်ပုရောဟိတ်ဧလာဇာသည် အသွေးကိုလက်နှင့်ယူ၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့စူးစူး၌ ခုနစ်ကြိမ်ဖြန်းရမည်။

5 ယဇ်ပုရောဟိတ်ရှေ့မှာ ထိုနွားမ၏အရေ၊ အသား၊ အသွေး၊ ချေးနုနှင့်တကွ တကောင်လုံးကို အခြားသူသည်မီးရှို့ရမည်။

6 ယဇ်ပုရောဟိတ်သည်လည်း အကာရှသစ်သား၊ ဟုဿုပ်ပင်ညွန့်နှင့် နီမောင်းသောအထည်ကိုယူ၍၊ နွားမမီးလောင်ရာထဲသို့ ပစ်ချရမည်။

7 ထိုနောက် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုလည်းရေချိုးပြီးမှ၊ တပ်ထဲသို့ဝင်၍ ညဦးတိုင်အောင်မစင်ကြယ်ဖြစ်လိမ့်မည်။