တော​လည် 19:18-22 BJB

18 စင်ကြယ်သောသူသည်၊ ဟုဿုပ်ပင်ညွန့်ကို ရေ၌နှစ်၍တဲပေါ်မှာ၎င်း၊ တန်ဆာများ၊ တဲ၌ရှိသောလူများပေါ်မှာ၎င်း၊ လူသေအရိုး၊ သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသင်္ချၖိုင်းကိုထိသောသူပေါ်မှာ၎င်း၊ ထိုရေကိုဖြန်းရမည်။

19 စင်ကြယ်သောသူသည် မစင်ကြယ်သောသူကို သုံးရက်မြောက်သောနေ့၊ ခုနစ်ရက်မြောက်သောနေ့၌ ဖြန်းရမည်။ ခုနစ်ရက်မြောက်သောနေ့၌ ကိုယ်ကို သန့်ရှင်းစေလျက်၊ မိမိအဝတ်ကိုလျှော်၍ရေချိုးလျှင်၊ ညဦးအချိန်တွင် စင်ကြယ်လိမ့်မည်။

20 မစင်ကြယ်သောသူသည် ကိုယ်ကိုသန့်ရှင်းစေခြင်းငှါမပြုလျှင်၊ ထာဝရဘုရား၏သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေသောကြောင့်၊ ပရိသတ်မှ ပယ်ရှင်းခြင်းကိုခံရမည်။ စင်ကြယ်စေသောရေဖြန်းခြင်းကို မခံသောကြောင့်၊ မစင်ကြယ်ဘဲနေ၏။

21 အစဉ်အမြဲစောင့်ရသောပညတ်ဟူမူကား၊ စင်ကြယ်သောရေကို ဖြန်းသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ ထိုရေကိုထိသောသူလည်း၊ ညဦးတိုင် အောင် မစင်ကြယ်ဖြစ်လိမ့်မည်။

22 မစင်ကြယ်သောသူ ထိသမျှသောအရာသည်လည်း မစင်ကြယ်ဖြစ်လိမ့်မည်။ ထိုအရာကိုထိသောသူလည်း ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။