တော​လည် 19:4-10 BJB

4 ယဇ်ပုရောဟိတ်ဧလာဇာသည် အသွေးကိုလက်နှင့်ယူ၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့စူးစူး၌ ခုနစ်ကြိမ်ဖြန်းရမည်။

5 ယဇ်ပုရောဟိတ်ရှေ့မှာ ထိုနွားမ၏အရေ၊ အသား၊ အသွေး၊ ချေးနုနှင့်တကွ တကောင်လုံးကို အခြားသူသည်မီးရှို့ရမည်။

6 ယဇ်ပုရောဟိတ်သည်လည်း အကာရှသစ်သား၊ ဟုဿုပ်ပင်ညွန့်နှင့် နီမောင်းသောအထည်ကိုယူ၍၊ နွားမမီးလောင်ရာထဲသို့ ပစ်ချရမည်။

7 ထိုနောက် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုလည်းရေချိုးပြီးမှ၊ တပ်ထဲသို့ဝင်၍ ညဦးတိုင်အောင်မစင်ကြယ်ဖြစ်လိမ့်မည်။

8 မီးရှို့သောသူသည်လည်း၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုလည်း ရေချိုးပြီးမှ၊ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။

9 စင်ကြယ်သောသူတစုံတယောက်သည် နွားမ၏ပြာကိုစုသိမ်း၍၊ တပ်ပြင်မှာ စင်ကြယ်သောအရပ်၌ ထားရမည်။ ဣသရေလအမျိုးပရိသတ်အဘို့ စင်ကြယ် စေသောရေဘော်ဘို့၊ ထိုပြာကိုသိုထားရမည်။ အပြစ်နှင့် ကင်းစင်စေစရာဘို့ဖြစ်သတည်း။

10 နွားမ၏ပြာကိုစုသိမ်းသောသူသည်လည်း၊ မိမိအဝတ်ကိုလျှော်၍ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။ ဤရွေ့ကား၊ ဣသရေလအမျိုးသား၊ တည်းခိုသောတပါးအမျိုးသားတို့သည် အစဉ်အမြဲစောင့်ရသော ပညတ်ဖြစ်သတည်း။