တော​လည် 2:18-24 BJB

18 အနောက်မျက်နှာ၌ ဧဖရိမ်တပ်အလုံးအရင်းသည်၊ ဧဖရိမ်အလံကိုထူ၍ အမိဟုဒ်သားဧလိရှမာသည်၊ ဧဖရိမ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။

19 သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ လေးသောင်းငါးရာရှိသတည်း။

20 ဧဖရိမ်တပ်အနားမှာ မနာရှေတပ်ချ၍၊ ပေဒါဇုရသားဂါမလေလျလသည်၊ မနာရှေအမျိုးသားတို့တွင်ဗိုလ်လုပ်ရမည်။

21 သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း။

22 ထိုနောက်ဗင်္ယာမိန်တပ်ချ၍၊ ဂိဒေါနိသားအဘိဒန်သည်၊ ဗင်္ယာမိန်အမျိုးသားတို့တွင်ဗိုလ်လုပ်ရမည်။

23 သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းငါးထောင်လေးရာ ရှိသတည်း။

24 ဧဖရိမ်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေအတွက်ကား၊ တသိန်းရှစ်ထောင်တရာရှိသတည်း။ ဤသူတို့သည် တတိယတပ်အရာ၌ချီရကြမည်။