တော​လည် 2:23-29 BJB

23 သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းငါးထောင်လေးရာ ရှိသတည်း။

24 ဧဖရိမ်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေအတွက်ကား၊ တသိန်းရှစ်ထောင်တရာရှိသတည်း။ ဤသူတို့သည် တတိယတပ်အရာ၌ချီရကြမည်။

25 တပ်များမြောက်မျက်နှာ၌၊ ဒန်တပ်အလုံးအရင်းသည် ဒန်အလံကိုထူ၍ အမိရှဒ္ဒသားအဟေဇာသည်၊ ဒန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 

26 သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ ခြောက်သောင်း နှစ်ထောင်ခုနစ်ရာရှိသတည်း။

27 ဒန်တပ်အနားမှာ၊ အာရှာတပ်ချ၍ ဩကရန်သားပါဂျေလသည်၊ အာရှာအမျိုးသားတို့တွင်ဗိုလ်လုပ်ရမည်။

28 သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ လေးသောင်းတထောင်ငါးရာ ရှိသတည်း။

29 ထိုနောက်၊ နဿလိတပ်ချ၍ ဧနန်သားအဟိရသည်၊ နဿလိအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။