တော​လည် 2:26-32 BJB

26 သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ ခြောက်သောင်း နှစ်ထောင်ခုနစ်ရာရှိသတည်း။

27 ဒန်တပ်အနားမှာ၊ အာရှာတပ်ချ၍ ဩကရန်သားပါဂျေလသည်၊ အာရှာအမျိုးသားတို့တွင်ဗိုလ်လုပ်ရမည်။

28 သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ လေးသောင်းတထောင်ငါးရာ ရှိသတည်း။

29 ထိုနောက်၊ နဿလိတပ်ချ၍ ဧနန်သားအဟိရသည်၊ နဿလိအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။

30 သူအုပ်ရသောအလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းသုံးထောင်လေးရာ ရှိသတည်း။

31 ဒန်တပ်နှင့်ဆိုင်သောအလုံးအရင်းအရေအတွက်ကား၊ တသိန်းငါးသောင်း ခုနစ်ထောင်ခြောက်ရာရှိသတည်း။ ဤသူတို့သည်မိမိတို့အလံပါလျက် နောက် ဆုံးတပ်အရာ၌ချီရကြမည်။

32 ထိုသို့နှင့်အညီ၊ အဆွေအမျိုးအလိုက်ရေအတွက်သော ဣသရေလအမျိုးသားတပ် အလုံးအရင်းလူပေါင်းကား၊ ခြောက်သိန်းသုံးထောင်ငါးရာ ငါးဆယ်ရှိသတည်း။