တော​လည် 2:31-34 BJB

31 ဒန်တပ်နှင့်ဆိုင်သောအလုံးအရင်းအရေအတွက်ကား၊ တသိန်းငါးသောင်း ခုနစ်ထောင်ခြောက်ရာရှိသတည်း။ ဤသူတို့သည်မိမိတို့အလံပါလျက် နောက် ဆုံးတပ်အရာ၌ချီရကြမည်။

32 ထိုသို့နှင့်အညီ၊ အဆွေအမျိုးအလိုက်ရေအတွက်သော ဣသရေလအမျိုးသားတပ် အလုံးအရင်းလူပေါင်းကား၊ ခြောက်သိန်းသုံးထောင်ငါးရာ ငါးဆယ်ရှိသတည်း။

33 ထာဝရဘုရားသည်၊ မောရှအားမှာထားတော်မူသည်အတိုင်း လေဝိသားတို့ကို ဣသရေလအမျိုးသားတို့နှင့် ရောနှော၍မရေတွက်ရ။

34 ထာဝရဘုရားသည်၊ မောရှေအားမှာထားတော်မူသည်အတိုင်း ဣသရေလအမျိုးသားအသီးသီးတို့သည် မိမိအလံအနားမှာ မိမိနေရာချခြင်းကို၎င်း၊ မိမိဘိုးဘအမျိုးအလိုက်ချီခြင်းကို၎င်း ပြုရကြ၏။