တော​လည် 20:1-7 BJB

1 သက္ကရာဇ်လေးဆယ်၊ ပဌမလ၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဇိနတောသို့ရောက်၍၊ ကာဒေရှအရပ်၌နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍သင်္ဂြိုဟ်လေ၏။

2 ပရိသတ်တို့သောက်စရာရေမရှိသောကြောင့်၊ မောရှေနှင့် အာရုန်တဘက်၌ စုဝေးကြလျက်၊

3 ထာဝရဘုရားရှေ့မှာ ငါတို့အစ်ကိုများသေသောအခါ၊ ငါတို့လည်းမသေပါလေ။

4 ငါတို့နှင့် ငါတို့တိရစ္ဆာန်များကိုသေစေခြင်းငှါ၊ ထာဝရဘုရား၏ပရိသတ်ကို ဤတောသို့ အဘယ်ကြောင့်ဆောင်ခဲ့သနည်း။

5 ငါတို့ကို အဲဂုတ္တုပြည်မှထွက်စေ၍၊ ဤဆိုးသောအရပ်သို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ ဤအရပ်သည် လယ်လုပ်စရာမကောင်း၊ သင်္ဘောသဖန်းပင်၊ စပျစ် နွယ်ပင်၊ သလဲပင်စိုက်စရာမကောင်း။ သောက်စရာရေမျှမရှိဟု မောရှေကို အပြစ်တင်၍ ဆိုကြ၏။

6 မောရှေနှင့် အာရုန်တို့သည် လူအစုအဝေးမှထွက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝသို့သွားသဖြင့်၊ ပြပ်ဝပ်လျက်နေကြစဉ်၊ ထာဝရဘုရား၏ ဘုန်း တော်သည်ထင်ရှားလေ၏။

7 ထာဝရဘုရားကလည်း၊