တော​လည် 20:21-27 BJB

21 ထိုသို့ဧဒုံသည် သူ၏ပြည်အလယ်၌ရှောက်သွားသောအခွင့်ကို ဣသရေလအား မပေးသောကြောင့်၊ ဣသရေလသည်လွှဲရှောင်လေ၏။

22 ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည် ကာဒေရှအရပ်မှပြောင်း၍ ဟောရတောင်သို့ရောက်ကြ၏။

23 ဧဒုံပြည်စွန်နား၊ ဟောရတောင်ပေါ်မှာ ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကိုခေါ်၍၊

24 သင်တို့သည်မေရိဘစမ်းရေနားမှာ ငါ့စကားကိုဆန့်ကျင်သောကြောင့်၊ ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်သို့ အာရုန်သည်မဝင်ရ။ မိမိလူမျိုးစည်း ဝေးရာသို့သွားရမည်။

25 သို့ဖြစ်၍ အာရုန်နှင့် သူ၏သားဧလာဇာကိုခေါ်၍ ဟောရတောင်ပေါ်သို့ ဆောင်သွားပြီးလျှင်၊

26 အာရုန်၏အဝတ်ကိုချွတ်၍ သူ၏သားဧလာဇာကိုဝတ်စေပြီးမှ၊ အာရုန်သည် ထိုအရပ်၌သေ၍ မိမိလူမျိုးစည်းဝေးရာသို့သွားရမည်ဟု၊

27 မိန့်တော်မူသည်အတိုင်း၊ မောရှေပြု၍၊ သူတို့သည်ပရိသတ်အပေါင်းတို့ရှေ့မှာ ဟောရတောင်ပေါ်သို့တက်ကြ၏။