တော​လည် 20:3-9 BJB

3 ထာဝရဘုရားရှေ့မှာ ငါတို့အစ်ကိုများသေသောအခါ၊ ငါတို့လည်းမသေပါလေ။

4 ငါတို့နှင့် ငါတို့တိရစ္ဆာန်များကိုသေစေခြင်းငှါ၊ ထာဝရဘုရား၏ပရိသတ်ကို ဤတောသို့ အဘယ်ကြောင့်ဆောင်ခဲ့သနည်း။

5 ငါတို့ကို အဲဂုတ္တုပြည်မှထွက်စေ၍၊ ဤဆိုးသောအရပ်သို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ ဤအရပ်သည် လယ်လုပ်စရာမကောင်း၊ သင်္ဘောသဖန်းပင်၊ စပျစ် နွယ်ပင်၊ သလဲပင်စိုက်စရာမကောင်း။ သောက်စရာရေမျှမရှိဟု မောရှေကို အပြစ်တင်၍ ဆိုကြ၏။

6 မောရှေနှင့် အာရုန်တို့သည် လူအစုအဝေးမှထွက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝသို့သွားသဖြင့်၊ ပြပ်ဝပ်လျက်နေကြစဉ်၊ ထာဝရဘုရား၏ ဘုန်း တော်သည်ထင်ရှားလေ၏။

7 ထာဝရဘုရားကလည်း၊

8 လှံတံတော်ကိုကိုင်ယူ၍ သင်၏အစ်ကိုအာရုန်ပါလျက်၊ ပရိသတ်များကို စုဝေးစေလော့။ သူတို့ရှေ့မှာကျောက်ကိုမှာထားလော့။ ကျောက်သည် မိမိရေကို ထွက်စေ၍၊ ပရိသတ်များနှင့် သူတို့တိရစ္ဆာန်များတို့အားသောက်ဘို့ ရေကိုပေးရမည်ဟု၊

9 မောရှေအားမိန့်တော်မူသည်အတိုင်း၊ မောရှေသည် လှံတံတော်ကို ထာဝရဘုရားရှေ့တော်ကယူ၍၊