တော​လည် 20:6-12 BJB

6 မောရှေနှင့် အာရုန်တို့သည် လူအစုအဝေးမှထွက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝသို့သွားသဖြင့်၊ ပြပ်ဝပ်လျက်နေကြစဉ်၊ ထာဝရဘုရား၏ ဘုန်း တော်သည်ထင်ရှားလေ၏။

7 ထာဝရဘုရားကလည်း၊

8 လှံတံတော်ကိုကိုင်ယူ၍ သင်၏အစ်ကိုအာရုန်ပါလျက်၊ ပရိသတ်များကို စုဝေးစေလော့။ သူတို့ရှေ့မှာကျောက်ကိုမှာထားလော့။ ကျောက်သည် မိမိရေကို ထွက်စေ၍၊ ပရိသတ်များနှင့် သူတို့တိရစ္ဆာန်များတို့အားသောက်ဘို့ ရေကိုပေးရမည်ဟု၊

9 မောရှေအားမိန့်တော်မူသည်အတိုင်း၊ မောရှေသည် လှံတံတော်ကို ထာဝရဘုရားရှေ့တော်ကယူ၍၊

10 အာရုန်ပါလျက်၊ ပရိသတ်တို့ကိုကျောက်ရှေ့မှာ စုဝေးစေပြီးလျှင်၊ အချင်းသူပုံတို့၊ နားထောင်ကြလော့။ ငါတို့သည်သင်တို့အဘို့ ဤကျောက်ထဲက ရေကိုထွက်စေရမည်လောဟုဆိုလျက်၊

11 မိမိလက်ကိုဆန့်၍ ကျောက်ကိုလှံတံနှင့် နှစ်ကြိမ်ရိုက်သဖြင့်၊ ရေသည် များစွာထွက်၍၊ လူပရိသတ်တို့နှင့် တိရစ္ဆာန်တို့သည်သောက်ရကြ၏။

12 ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ကိုမယုံကြည်၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ငါ့ကိုမရိုမသေပြုသောကြောင့်၊ ဤပရိသတ်တို့အား ငါပေးသောပြည်သို့ သင်တို့သည်ပို့ဆောင်သောအခွင့်ကိုမရကြဟု မောရှေနှင့် အာရုန်တို့အား မိန့်တော်မူ၏။