တော​လည် 21:17-23 BJB

17 ထိုအခါ ဣသရေလအမျိုးက၊ အိုတွင်းရေ၊ ထွက်လော့။ ထွက်အောင် သီခြင်းဆိုကြလော့။

18 တရားမင်းစီရင်သည်အတိုင်း၊ မှူးမတ်တို့သည်ရေတွင်းကိုတူးကြပြီ။ လူတို့တွင် အကဲအမှူးတို့သည် တောင်ဝေးတို့နှင့် ရေတွင်းကိုတူးကြပြီဟု သီခြင်းဆိုလေ၏။

19 ထိုတောမှမတ္တနာအရပ်သို့၎င်း၊ မတ္တနာအရပ်မှ နဟာလျေလအရပ်သို့၎င်း၊ နဟာလျေလအရပ်မှ ဗာမုတ်အရပ်သို့၎င်း၊

20 ဗာမုတ်အရပ်မှမောဘချိုင့်သို့၎င်း၊ ယေရှိမုန်မြို့ကို မျက်နှာပြုသော ပိသဂါတောင်ထိပ်သို့၎င်း ခရီးသွားကြ၏။

21 ထိုအခါဣသရေလအမျိုးသားတို့သည်၊ အာမောရိရှင်ဘုရင်ရှိဟုန်မင်းထံသို့ သံတမန်တို့ကိုစေလွှတ်လျက်၊

22 အကျွန်ုပ်တို့သည် မင်းကြီးပြည်အလယ်၌ ရှောက်၍သွားပါရစေ။ လယ်ယာသို့၎င်း၊ စပျစ်ဥယျာဉ်သို့၎င်းမဝင်ပါ။ တွင်းရေကိုလည်းမသောက်ပါ။ မင်းကြီး ပြည်ကိုမလွန်မှီတိုင်အောင်၊ မင်းလမ်းသို့သာရှောက်လိုက်ပါမည်ဟု အခွင့်တောင်းကြ၏။

23 ထိုပြည်အလယ်၌ ရှောက်သွားရသောအခွင့်ကို၊ ရှိဟုန်မင်းသည် ဣသရေလအမျိုးသားတို့အားမပေး။ မိမိလူအပေါင်းတို့ကိုစုဝေးစေ၍၊ ဣသရေလအမျိုးသားတို့ကိုဆီးတားခြင်းငှါ၊ သူတို့ရှိရာတောသို့ထွက်၍ ယာဟတ်မြို့သို့ ရောက်ပြီးလျှင် စစ်တိုက်လေ၏။