27 ထိုအကြောင်းကိုရည်ဆောင်၍ လင်္ကာဆရာတို့က၊ ဟေရှဘုန်မြို့သို့သွား၍ တဖန်တည်ကြစို့။ ရှိဟုန်ဘုရင်နေသောမြို့ကို ပြင်ဆင်ကြစို့။
28 ရှိဟုန်ဘုရင်နေရာ ဟေရှဘုန်မြို့မှမီးလျှံထွက်၍ မောဘပြည်အာရမြို့နှင့်တကွ၊ အာနုန်ချောင်းနား၊ မြင့်သောအရပ်၌ အစိုးရသောမင်းတို့ကို လောင်လေပြီ။
29 အိုမောဘပြည်၊ သင်သည်အမင်္ဂလာရှိ၏။ အိုခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ ပြေးရသောမိမိသားသမီးတို့ကို အာမောရိရှင်ဘုရင်ရှိဟုန်လက်သို့ ရောက်စေခြင်းငှါ၊ ထိုဘုရားသည်အခွင့်ပေးပြီတကား။
30 တဖန်ငါတို့သည် အာမောရိသားတို့ကိုတိုက်ပြန်သောကြောင့်၊ ဟေရှဘုန်ပြည်သည် ဒိဘုန်မြို့တိုင်အောင်ပျက်လေပြီ။ မေဒဘမြို့နှင့် နီးစပ်သော နောဖာမြို့တိုင်အောင် သူတို့ကိုသုတ်သင်ပယ်ရှင်းကြပြီဟု ဆိုသတည်း။
31 ထိုသို့ဣသရေလအမျိုးသားတို့သည် အာမောရိပြည်၌နေရကြ၏။
32 မောရှေသည်လည်း၊ ယာဇာမြို့ကိုစူးစမ်းခြင်းငှါ လူကိုစေလွှတ်ပြီးလျှင်၊ ထိုမြို့ရွာတို့ကိုသိမ်းယူ၍ အရင်နေသော အာမောရိအမျိုးသားတို့ကို နှင်ထုတ်ကြ၏။
33 တဖန် ဣသရေလအမျိုးသားတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင်ဩဃသည်၊ မိမိလူအပေါင်းတို့နှင့် ဧဒြိအရပ်မှာစစ်တိုက်ခြင်းငှါ ချီသွား၏။