တော​လည် 21:8-14 BJB

8 ထာဝရဘုရားကလည်း၊ မီးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်မှာမြှောက်ထားလော့။ အကိုက်ခံရသောသူတိုင်းကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊

9 မောရှေသည် ကြေးဝါဖြင့်မြွေကိုလုပ်၍ တိုင်ပေါ်မှာမြှောက်ချီထားပြီးလျှင်၊ မြွေကိုက်သောသူမည်သည်ကား၊ ကြေးဝါမြွေကိုကြည့်ရှုသောအခါ အသက်ချမ်းသာရကြ၏။

10 တဖန်ဣသရေလအမျိုးသားတို့သည် နေရာပြောင်း၍ ဩဗုတ်အရပ်၌ စားခန်းချကြ၏။

11 ဩဗုတ်အရပ်မှပြောင်းပြန်၍၊ နေထွက်ရာဘက်၊ မောဘပြည်ရှေ့တွင်ရှိသော တောမှာ၊ ဣဇာဗာရိမ်အရပ်၌ စားခန်းချကြ၏။

12 ထိုအရပ်မှပြောင်း၍၊ ဇာရက်ချောင်းနား၌ စားခန်းချကြ၏။

13 ထိုအရပ်မှတဖန်ပြောင်းပြန်၍၊ အာမောရိပြည်နယ်နှင့် စပ်သောတော၌ရှိသော အာနုန်ချောင်းနားတဘက်တချက်၌ စားခန်းချကြ၏။ အာနုန်ချောင်းကား၊ မောဘပြည်၊ အာမောရိပြည်စပ်ကြားအပိုင်းအခြား ဖြစ်သတည်း။

14 ထိုသို့နှင့်အညီ၊ ထာဝရဘုရားစစ်တိုက်စာ၌ကား၊ ဇာရက်အရပ်၊ သုပအရပ်၊ အာနုန်ချောင်းတို့၊