26 ဗာလမ်က၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်းငါပြုရပါမည်ဟု မင်းကြီးအား အရင်ပြောနှင့်ပြီမဟုတ်လောဟု ဗာလက်မင်းအားပြန်ပြော၏။
27 တဖန် ဗာလက်မင်းက၊ လာပါတော့။ အခြားသောအရပ်သို့ဆောင်သွားပါမည်။ ထိုအရပ်၌ သူတို့ကိုငါ့အဘို့ကျိန်ဆဲစေခြင်းငှါ ဘုရားသခင်အလိုတော် ရှိကောင်းရှိတော်မူလိမ့်မည်ဟု ဗာလမ်အားဆိုလျက်၊
28 ယေရှိမုန်မြို့ကိုမျက်နှာပြုသော ပေဂုရတောင်ထိပ်သို့ ဆောင်သွားလေ၏။
29 ဗာလမ်ကလည်း၊ ဤအရပ်၌ ငါ့အဘို့ ယဇ်ပလ္လင်ခုနစ်ခုကို တည်လော့။ နွားထီး ခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်တို့ကိုပြင်ဆင်လော့ဟု ဗာလက်မင်းအား ဆိုသည်အတိုင်း၊
30 ဗာလက်မင်းသည်ပြု၍၊ ယဇ်ပလ္လင်တခုတခုအပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော်လေ၏။