တော​လည် 24:17-23 BJB

17 ထိုအရာကိုငါမြင်၏။ သို့သော်လည်း ယခုမဖြစ်ရသေး။ ထိုအရာကိုငါရှု၏။ သို့သော်လည်း ဖြစ်ရသောအချိန်မနီးသေး။ ကြယ်တလုံးသည် ယာကုပ်အမျိုး၌ ပေါ်ထွန်း၍၊ ရာဇလှံတံသည် ဣသရေလအမျိုး၌ ထင်ရှားလိမ့်မည်။ မောဘပြည်စွန်းတိုင်အောင် ထိခိုက်၍ မငြိမ်မဝပ်ရုန်းရင်းခပ်ပြုတတ်သော သူအပေါင်းတို့ကိုဖျက်ဆီးလိမ့်မည်။

18 ဧဒုံပြည်ကိုလည်းသိမ်းယူလိမ့်မည်။ စိရတောင်သည်လည်း ရန်သူလက်သို့ ရောက်လိမ့်မည်။ ဣသရေလအမျိုးသည် ရဲရင့်စွာပြုလိမ့်မည်။

19 အစိုးရသောသူတပါးသည်၊ ယာကုပ်အမျိုးထဲကထွက်၍၊ ကျန်ကြွင်းသောမြို့သူမြို့သားတို့ကို ဖျက်ဆီးလိမ့်မည်ဟု မြွက်ဆို၏။

20 တဖန်အာမလက်ပြည်ကိုကြည့်ရှု၍ ပရောဖက်စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ အာမလက်အမျိုးသည် လူမျိုးတကာတို့ထက် အထွဋ်ဖြစ်ဘူးသော်လည်း၊ အဆုံး၌ ရှင်းရှင်းပျက်စီးခြင်းသို့ရောက်လိမ့်မည်ဟု မြွက် ဆို၏။

21 တဖန် ကေနိအမျိုးသားတို့ကိုကြည့်ရှု၍ ပရောဖက်စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ သင်တို့နေရာသည်အားကြီး၏။ ကျောက်ပေါ်မှာ အသိုက်ကို လုပ်ကြပြီ။

22 သို့သော်လည်း အာရှုရိမင်းသည်သိမ်းယူ၍မသွားမှီတိုင်အောင်၊ ကေနိအမျိုးသည် အမျက်ကိုခံရလိမ့်မည်ဟု မြွက်ဆို၏။

23 တဖန်ပရောဖက်စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ အလိုလေ့၊ ဤအမှုကို ဘုရားသခင်စီရင်တော်မူသောအခါ၊ အဘယ်သူသည် အသက်ချမ်းသာ ရလိမ့်မည်နည်း။