တော​လည် 27:1-7 BJB

1 ထိုအခါ ယောသပ်၏သား၊ မနာရှေအဆွေအမျိုး၌ပါလျက်၊ မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖေရတို့မှဆင်းသက်သော ဇလောဖဒ်၏သမီး မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတို့သည်လာ၍၊

2 ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာ၊ မင်းများ၊ ပရိသတ်များအပေါင်းတို့ရှေ့မှာရပ်လျက်၊

3 အကျွန်ုပ်တို့၏အဘသည် တော၌သေပါ၏။ ထာဝရဘုရားတဘက်၌ စုဝေးသော အပေါင်းအသင်း၊ ကောရ၏အပေါင်းအသင်း၌မပါ။ မိမိအပြစ်ကြောင့်သေပါ၏။ သူ၌ သားယောက်ျားမရှိပါ။

4 ထိုသို့ သားယောက်ျားမရှိသောကြောင့်၊ အကျွန်ုပ်တို့အဘ၏ အမည်သည် အကျွန်ုပ်တို့အဆွေအမျိုး၌ ပျောက်ရပါမည်လော။ အကျွန်ုပ်တို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ၊ အကျွန်ုပ်တို့အားအမွေပေးပါဟု လျှောက်ကြ၏။

5 သူတို့အမှုကိုမောရှေသည် ထာဝရဘုရားရှေ့တော်၌ ထားလေ၏။

6 ထာဝရဘုရားကလည်း၊ ဇလောဖဒ်သမီးတို့၏စကားသည် လျောက်ပတ်ပေ၏။

7 အကယ်စင်စစ် သူတို့အဘ၏ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို သူတို့အားပေးရမည်။ သူတို့အဘ၏အမွေဥစ္စာသည် သူတို့လက်သို့ရောက်စေရမည်။