4 ထိုသို့ သားယောက်ျားမရှိသောကြောင့်၊ အကျွန်ုပ်တို့အဘ၏ အမည်သည် အကျွန်ုပ်တို့အဆွေအမျိုး၌ ပျောက်ရပါမည်လော။ အကျွန်ုပ်တို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ၊ အကျွန်ုပ်တို့အားအမွေပေးပါဟု လျှောက်ကြ၏။
5 သူတို့အမှုကိုမောရှေသည် ထာဝရဘုရားရှေ့တော်၌ ထားလေ၏။
6 ထာဝရဘုရားကလည်း၊ ဇလောဖဒ်သမီးတို့၏စကားသည် လျောက်ပတ်ပေ၏။
7 အကယ်စင်စစ် သူတို့အဘ၏ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို သူတို့အားပေးရမည်။ သူတို့အဘ၏အမွေဥစ္စာသည် သူတို့လက်သို့ရောက်စေရမည်။
8 သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ လူသည် သားယောက်ျားမရှိဘဲသေလျှင်၊ သူ၏အမွေဥစ္စာကို သူ၏သမီးလက်သို့ ရောက်စေရမည်။
9 သမီးမရှိလျှင်၊ သူ၏အမွေဥစ္စာကို သူ၏ညီအစ်ကိုတို့အားပေးရမည်။
10 ညီအစ်ကိုမရှိလျှင်၊ အမွေဥစ္စာကို ဘကြီးဘထွေးတို့အား ပေးရမည်။