တော​လည် 27:5-11 BJB

5 သူတို့အမှုကိုမောရှေသည် ထာဝရဘုရားရှေ့တော်၌ ထားလေ၏။

6 ထာဝရဘုရားကလည်း၊ ဇလောဖဒ်သမီးတို့၏စကားသည် လျောက်ပတ်ပေ၏။

7 အကယ်စင်စစ် သူတို့အဘ၏ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို သူတို့အားပေးရမည်။ သူတို့အဘ၏အမွေဥစ္စာသည် သူတို့လက်သို့ရောက်စေရမည်။

8 သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ လူသည် သားယောက်ျားမရှိဘဲသေလျှင်၊ သူ၏အမွေဥစ္စာကို သူ၏သမီးလက်သို့ ရောက်စေရမည်။

9 သမီးမရှိလျှင်၊ သူ၏အမွေဥစ္စာကို သူ၏ညီအစ်ကိုတို့အားပေးရမည်။

10 ညီအစ်ကိုမရှိလျှင်၊ အမွေဥစ္စာကို ဘကြီးဘထွေးတို့အား ပေးရမည်။

11 ဘကြီးဘထွေးမရှိလျှင်၊ သူ၏အဆွေအမျိုး၌နီးစပ်ရင်းခြာသော ပေါက်ဘော်အားပေး၍၊ ထိုသူသည်ပိုင်ရမည်။ ဤရွေ့ကား၊ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့၌ စီရင်ထုံးဖွဲ့ချက်ဖြစ်စေဟု မောရှေအားမိန့်တော်မူ၏။