တော​လည် 28:1-7 BJB

1 တဖန် မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါ၏ပူဇော်သက္ကာကို၎င်း၊

2 ငါ့အဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှာ မီးဖြင့်ပြုသော ငါ၏အစာ အာဟာရကို၎င်း၊ အချိန်တန်မှ ငါ့အားပူဇော်ခြင်းငှာသတိပြုရကြမည်။

3 တဖန်ဆင့်ဆိုရမည်မှာ၊ နေ့တိုင်းအစဉ်အမြဲ မီးရှို့ရာယဇ်ဘို့၊ အခါမလည် အပြစ်မပါသော သိုးသငယ်နှစ်ကောင်ကို ထာဝရဘုရားအား မီးဖြင့်ပူဇော်ရမည်။

4 နံနက်ယံ၌သိုးသငယ်တကောင်၊ ညဦးယံ၌တကောင်ကို ပူဇော်ရမည်။

5 သံလွင်သီးကိုထောင်း၍ရသော သံလွင်ဆီသုံးလောဃနှင့် ရောသော မုန့်ညက်တဩမဲကိုလည်း ပူဇော်ရမည်။

6 ဤရွေ့ကား၊ သိနာတောင်ပေါ်မှာ စီရင်တော်မူသည်အတိုင်း၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသောပူဇော်သက္ကာ၊ အစဉ်အမြဲပြုရသော မီးရှို့ရာယဇ်ဖြစ်သတည်း။

7 သိုးသငယ်တကောင်နှင့်အတူသွန်းလောင်းရာ ပူဇော်သက္ကာဘို့၊ စပျစ်ရည်သုံးလောဃကိုပူဇော်၍၊ သန့်ရှင်းရာဌာန၌သွန်းလောင်းရာ ပူဇော်သက္ကာဘို့၊ ထာဝရဘုရားအား သွန်းလောင်းရမည်။