တော​လည် 28:17-23 BJB

17 ၎င်းလတဆယ်ငါးရက်နေ့၌ ပွဲကိုခံရမည်။ ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကို စားရကြမည်။

18 ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။

19 ထာဝရဘုရားအား မီးဖြင့်ပြုသောယဇ်တည်းဟူသော အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတကောင်၊ အခါမလည် အပြစ်မပါသောသိုးသငယ် ခုနစ်ကောင်တို့ကိုမီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။

20 နွားတကောင်လျှင် ဆီရောသော မုန့်ညက်သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊

21 သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင်လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။

22 အပြစ်ဖြေခြင်းကိုပြုအံ့သောငှာ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကိုလည်း ပူဇော်ရမည်။

23 နေ့ရက်အစဉ် နံနက်တိုင်းပူဇော်သော မီးရှို့ရာယဇ်မှတပါး၊ ထိုယဇ်များကို ထပ်၍ပူဇော်ရမည်။