တော​လည် 28:24-30 BJB

24 ထိုသို့ အစဉ်အမြဲပူဇော်သောမီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ခုနစ်ရက်ပတ်လုံးတနေ့တနေ့လျှင် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသောပူဇော်သက္ကာ အစာအာဟာရကိုပူဇော်ရမည်။

25 သတ္တမနေ့၌လည်း၊ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။

26 ထိုမှတပါး၊ သိတင်းခုနစ်သိတင်းစေ့ပြီးမှ၊ ဘောဇဉ်ပူဇော်သက္ကာအသစ်ကို ထာဝရဘုရားထံတော်သို့ဆောင်ခဲ့သောနေ့၊ အဦးသီးသောအသီးနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။

27 ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။

28 နွားတကောင်လျှင် ဆီရောသောမုန့်ညက်သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊

29 သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင်လျှင်တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။

30 အပြစ်ဖြေခြင်းကိုပြုအံ့သောငှါ၊ ဆိတ်သငယ်တကောင်ကိုလည်း ပူဇော်ရမည်။