တော​လည် 28:3-9-10 BJB

3 တဖန်ဆင့်ဆိုရမည်မှာ၊ နေ့တိုင်းအစဉ်အမြဲ မီးရှို့ရာယဇ်ဘို့၊ အခါမလည် အပြစ်မပါသော သိုးသငယ်နှစ်ကောင်ကို ထာဝရဘုရားအား မီးဖြင့်ပူဇော်ရမည်။

4 နံနက်ယံ၌သိုးသငယ်တကောင်၊ ညဦးယံ၌တကောင်ကို ပူဇော်ရမည်။

5 သံလွင်သီးကိုထောင်း၍ရသော သံလွင်ဆီသုံးလောဃနှင့် ရောသော မုန့်ညက်တဩမဲကိုလည်း ပူဇော်ရမည်။

6 ဤရွေ့ကား၊ သိနာတောင်ပေါ်မှာ စီရင်တော်မူသည်အတိုင်း၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသောပူဇော်သက္ကာ၊ အစဉ်အမြဲပြုရသော မီးရှို့ရာယဇ်ဖြစ်သတည်း။

7 သိုးသငယ်တကောင်နှင့်အတူသွန်းလောင်းရာ ပူဇော်သက္ကာဘို့၊ စပျစ်ရည်သုံးလောဃကိုပူဇော်၍၊ သန့်ရှင်းရာဌာန၌သွန်းလောင်းရာ ပူဇော်သက္ကာဘို့၊ ထာဝရဘုရားအား သွန်းလောင်းရမည်။

8 အခြားသောသိုးသငယ်ကို ညဦးယံ၌ပူဇော်သောအခါ၊ နံနက်ယံ၌ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာပါသည်နည်းတူပါလျက်၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့်ပြည့်စုံ၍ မီးဖြင့်ပူဇော်သောယဇ်ကို ပြုရမည်။

9-10 နေ့တိုင်းအစဉ်ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ဥပုပ်နေ့ရက်၌ အခါမလည် အပြစ်မပါသော သိုးသငယ်နှစ်ကောင်ကို၎င်း၊ သွန်းလောင်းရာပူဇော်သက္ကာပါလျက်၊ ဘောဇဉ် ပူဇော်သက္ကာဘို့၊ ဆီရောသောမုန့်ညက်နှစ်ဩမဲကို၎င်းပူဇော်ရမည်။