တော​လည် 29:6-12 BJB

6 ထိုသို့ထုံးစံရှိသည့်အတိုင်း၊ လဆန်းနေ့မီးရှို့ရာယဇ်နှင့် သူ၏ဘောဇဉ်ပူဇော်သက္ကာ၊ နေ့တိုင်းပြုသောမီးရှို့ရာယဇ်နှင့် သူ၏ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာမှတပါး၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသောယဇ်ပူဇော်သက္ကာကို ပူဇော်ရမည်။

7 ၎င်းလ၊ ဒသမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကိုပြု၍ ခြိုးခြံစွာကျင့်ရမည်။ အဘယ်အလုပ်ကိုမျှမလုပ်ရ။

8 ထိုနေ့၌ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသောနွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။

9 နွားတကောင်လျှင် ဆီရောသောမုန့်ညက်သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊

10 သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင်လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။

11 အပြစ်ဖြေခြင်းကိုပြုအံ့သောငှါ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို ပူဇော်ရမည်။ ထိုသို့အပြစ်ဖြေခြင်းငှါ အပြစ်ဖြေရာယဇ်၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်၊ သူ၏ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ထပ်၍ပြုရမည်။

12 ၎င်းလတဆယ်ငါးရက်နေ့၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ဘဲ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဘို့ ပွဲခံရမည်။