တော​လည် 3:1-5 BJB

1 ထာဝရဘုရားသည်သိနာတောင်ပေါ်မှာ မောရှအား ဗျာဒိတ်ပေးတော်မူသောအခါ၊ အာရုန်နှင့် မောရှေအမျိုးအနွယ်၏အတ္ထုပ္ပတ္တိများကို မှတ်သားသည်တွင်၊

2 အာရုန်၏သားဟူမူကား၊ သားဦးနာဒပ်၊ ညီအဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။

3 ဤသူတို့ကား၊ အဘသည် ယဇ်ပုရောဟိတ်အမှုကိုဆောင်စေခြင်းငှါ ဆီလောင်းခြင်းဘိသိက်ကိုပေး၍ အရာ၌ခန့်ထားသော အာရုန်၏သားဖြစ်ကြသတည်း။

4 နာဒပ်နှင့် အဘိဟုသည်၊ သိနာတောတွင် ထာဝရဘုရားရှေ့တော်၌ ထူးခြားသောမီးကိုပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌သေကြ၏။ သူတို့၌ သားမရှိသည်ဖြစ်၍၊ ဧလာဇာနှင့် ဣသမာသည်၊ အဘအာရုန်ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကိုဆောင်ရွက်ကြ၏။

5 ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊