တော​လည် 3:14-20 BJB

14 တဖန်ထာဝရဘုရားသည်၊ သိနာတော၌ မောရှေအားမိန့်တော်မူသည်ကား၊

15 လေဝိသားတို့တွင် အသက်တလကျော်ရှိသောယောက်ျားအပေါင်းတို့ကို အဆွေအမျိုးအလိုက် ရေတွက်လော့ဟု၊

16 မှာထားတော်မူသည်အတိုင်း၊ မောရှေသည်လေဝိသားတို့ကို ရေတွက်လေ၏။

17 လေဝိသားတို့၏နာမည်ဟူမူကား၊ ဂေရရှုန်၊ ကောဟတ်၊ မေရာရိတည်း။

18 မိမိအဆွေအမျိုးအလိုက် ဂေရရှုန်သားတို့၏အမည်ကား လိဗနိနှင့်ရှိမိတည်း။

19 မိမိအဆွေအမျိုးအလိုက် ကောဟတ်သားတို့၏နာမည်ကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။

20 မိမိအဆွေအမျိုးအလိုက် မေရာရိသားတို့၏နာမည်ကား မဟာလိနှင့် မုရှိတည်း၊ ဤသူတို့သည် မိမိဘိုးဘေးအမျိုးအလိုက်ရေတွက်သော လေဝိအမျိုးအနွယ် ဖြစ်ကြ၏။