တော​လည် 3:17-23 BJB

17 လေဝိသားတို့၏နာမည်ဟူမူကား၊ ဂေရရှုန်၊ ကောဟတ်၊ မေရာရိတည်း။

18 မိမိအဆွေအမျိုးအလိုက် ဂေရရှုန်သားတို့၏အမည်ကား လိဗနိနှင့်ရှိမိတည်း။

19 မိမိအဆွေအမျိုးအလိုက် ကောဟတ်သားတို့၏နာမည်ကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။

20 မိမိအဆွေအမျိုးအလိုက် မေရာရိသားတို့၏နာမည်ကား မဟာလိနှင့် မုရှိတည်း၊ ဤသူတို့သည် မိမိဘိုးဘေးအမျိုးအလိုက်ရေတွက်သော လေဝိအမျိုးအနွယ် ဖြစ်ကြ၏။

21 ဂေရရှုန်မှဆင်းသက်လာသော လိဗနိအဆွေအမျိုး၊ ရှိမိအဆွေအမျိုးတို့သည် ဂေရရှုန်အမျိုးအနွယ်ဖြစ်ကြ၏၊

22 ထိုအဆွေအမျိုးတို့ကိုရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခုနစ်ထောင်ငါးရာရှိသတည်း။

23 ဂေရရှုန်အဆွေအမျိုးတို့သည် တဲတော်အနောက်မျက်နှာ၌ နေရာချရမည်။