တော​လည် 3:31-37 BJB

31 သူတို့အငန်းအတာဟူမူကား၊ သေတ္တာ၊ စားပွဲယဇ်ပလ္လင်များ၊ အမှုတော်ထမ်းစရာတဲတော်တန်ဆာများ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုရကြမည်။

32 ယဇ်ပုရောဟိတ်အာရုန်သားဧလာဇာသည် လေဝိအဆွေအမျိုးသူကြီးတို့ကို အုပ်၍ တဲတော်စောင့်သောသူတို့ကို ကြည့်ရှုစီရင်ရမည်။

33 မေရာရိမှဆင်းသက်သော မဟာလိအဆွေအမျိုး၊ မုရှိအဆွေအမျိုးတို့သည်၊ မေရာရိအမျိုးအနွယ်ဖြစ်ကြ၏။

34 ထိုအဆွေအမျိုးတို့ကိုရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခြောက်ထောင်ခုနစ်ရာရှိသတည်း။

35 မေရာရိအဆွေအမျိုးသူကြီးကား၊ အဘိဟဲလသားဇုရေလတည်း။ ဤသူတို့သည် တဲတော်မြောက်မျက်နှာ၌ နေရာချရမည်။

36 မေရာရိသားတို့အငန်းအတာဟူမူကား၊ တဲတော်ပျဉ်ပြားများ ကန့်လန့်ကျင်များ၊ တိုင်များ၊ ခြေစွပ်များ၊ ထိုအရာနှင့်ဆိုင်သောတန်ဆာများ အစရှိသည်တို့ကို၎င်း၊ ဝင်းတိုင်များ၊

37 ခြေစွပ်များ၊ တံသင်များ၊ ကြိုးများတို့ကို၎င်း ကြည့်ရှုပြုစုကြရမည်။