တော​လည် 3:6-12 BJB

6 သင်သည် လေဝိအမျိုးသားတို့ကိုခေါ်ခဲ့၍ ယဇ်ပုရောဟိတ်အာရုန်အမှုကို ဆောင်စေခြင်းငှါ၊ အာရုန်ထံ၌နေရာချလော့။

7 သူတို့သည် ပရိသတ်စည်းဝေးရာတဲတော်ရှေ့မှာ၊ အာရုန်နှင့် ပရိသတ်အပေါင်းတို့ဆောင်ရသော အမှုတည်းဟူသောတဲတော်အမှုကို ဆောင်ရွက်ရကြမည်။

8 သူတို့သည် ပရိသတ်စည်းဝေးရာတဲတော်တန်ဆာရှိသမျှတို့ကို ကြည့်ရှုပြုစု၍၊ ဣသရေလအမျိုးသားဆောင်ရသော တဲတော်အမှုကိုဆောင်ရကြမည်။

9 လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့၌အပ်ရမည်။ ဣသရေလအမျိုးထဲက သူတို့ကိုရွေး၍ ငါ့အားအပိုင်ပေးရမည်။

10 အာရုန်နှင့် သူ၏သားတို့ကိုလည်းခန့်ထား၏။ သူတို့သည် ယဇ်ပုရောဟိတ်အမှုကိုစောင့်ရကြမည်။ သူ၏အမျိုးမှတပါး အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။

11 တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

12 ဣသရေလအမျိုးတွင် အဦးဘွားမြင်သောသားဦးများအတွက် လေ၀ိသားတို့ကို ငါရွေးယူသောကြောင့်၊ လေဝိသားတို့သည် အထူးသဖြင့်ငါ၏လူဖြစ်ရကြမည်။