တော​လည် 30:1-4 BJB

1 တဖန်ထာဝရဘုရားမိန့်တော်မူသောစကားကို မောရှေသည်၊ ဣသရေလ အမျိုးသားတို့တွင် အမျိုးအနွယ်တို့၌မင်းဖြစ်သောသူတို့အား ဆင့်ဆိုသည်ကား၊

2 လူယောက်ျားသည် ထာဝရဘုရားအား သစ္စာဂတိပြုသော်၎င်း၊ ကိုယ်စိတ်ဝိညာဉ်၌ချည်နှောင်၍ ကျိန်ဆိုခြင်းကိုပြုသော်၎င်း၊ မိမိပြောသောစကားကို မဖျက်ဘဲ၊ မိမိနှုတ်ထွက်ရှိသည်အတိုင်းပြုရမည်။

3 မိန်းမသည် အဘအိမ်၌အသက်ငယ်စဉ်အခါ၊ ထာဝရဘုရားအား သစ္စာဂတိပြုသော်၎င်း၊

4 ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားကို အဘသည် ကြားလျက် တိတ်ဆိတ်စွာနေလျှင် ထိုသစ္စာစကားရှိသမျှတို့နှင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားဟူသမျှတို့သည် တည်ရကြမည်။