1 တဖန်ထာဝရဘုရားမိန့်တော်မူသောစကားကို မောရှေသည်၊ ဣသရေလ အမျိုးသားတို့တွင် အမျိုးအနွယ်တို့၌မင်းဖြစ်သောသူတို့အား ဆင့်ဆိုသည်ကား၊
2 လူယောက်ျားသည် ထာဝရဘုရားအား သစ္စာဂတိပြုသော်၎င်း၊ ကိုယ်စိတ်ဝိညာဉ်၌ချည်နှောင်၍ ကျိန်ဆိုခြင်းကိုပြုသော်၎င်း၊ မိမိပြောသောစကားကို မဖျက်ဘဲ၊ မိမိနှုတ်ထွက်ရှိသည်အတိုင်းပြုရမည်။
3 မိန်းမသည် အဘအိမ်၌အသက်ငယ်စဉ်အခါ၊ ထာဝရဘုရားအား သစ္စာဂတိပြုသော်၎င်း၊
4 ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားကို အဘသည် ကြားလျက် တိတ်ဆိတ်စွာနေလျှင် ထိုသစ္စာစကားရှိသမျှတို့နှင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားဟူသမျှတို့သည် တည်ရကြမည်။
5 သို့မဟုတ် အဘသည်ကြားသောနေ့၌ မြစ်တားလျှင်၊ ထိုသစ္စာစကားမည်မျှ၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားမည်မျှမတည်ရ။ အဘမြစ်တား သောကြောင့်၊ ထာဝရဘုရားလွှတ်တော်မူမည်။
6 မိန်းမသည်လင်ရှိလျက်၊ သစ္စာဂတိပြု၍ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းငှာ နှုတ်မြွက်သောအခါ၊