11 လင်သည်ကြားသော်လည်းမမြစ်တား တိတ်ဆိတ်စွာနေလျှင်၊ ထိုသစ္စာဂတိရှိသမျှ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းရှိသမျှတို့သည် တည်ရကြမည်။
12 သို့မဟုတ် လင်သည်ကြားသောနေ့၌ ရှင်းရှင်းပယ်ဘူးလျှင်၊ သစ္စာဂတိနှင့်၎င်း၊ စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းနှင့်၎င်း ဆိုင်သောစကားမည်မျှမတည်ရ။ လင်သည် ပယ်သောကြောင့်၊ ထာဝရဘုရားလည်းလွှတ်တော်မူမည်။
13 ခပ်သိမ်းသောသစ္စာဂတိ၊ ခြိုးခြံစွာကျင့်ခြင်းနှင့် ဆိုင်သမျှသော အချည်အနှောင်ကျိန်ဆိုခြင်းတို့ကို၊ လင်သည်တည်စေပိုင်သောအခွင့်၊ ပယ်ပိုင်သော အခွင့်ရှိ၏။
14 လင်သည် တနေ့ထက်တနေ့တိတ်ဆိတ်စွာနေလျှင်၊ မယားပြုသော သစ္စာဂတိရှိသမျှတို့နှင့် မယား၌ချည်နှောင်ခြင်းရှိသမျှတို့ကို တည်စေ၏။ ကြားသောနေ့၌ တိတ်ဆိတ်စွာနေသောကြောင့် တည်စေပြီ။
15 ထိုစကားကိုကြားသောနေ့နောက်မှ၊ လင်သည် ပယ်အံ့သောငှါပြုလျှင်၊ မယားအပြစ်ကို ကိုယ်တိုင်ခံရမည်။
16 ဤရွေ့ကား၊ မယားနှင့် လင်စပ်ကြား၌၎င်း၊ အဘအိမ်မှာ အသက်နုငယ်သောသမီးနှင့် အဘစပ်ကြား၌၎င်း၊ မောရှေအားဖြင့် ထာဝရဘုရားထားတော်မူသောပညတ်တရားဖြစ်သတည်း။