တော​လည် 31:1-2-7 BJB

1-2 တဖန်ထာဝရဘုရားက၊ မိဒျန်အမျိုးသားတို့သည် ဣသရေလအမျိုးသားတို့ကို ပြစ်မှားသောအပြစ်အလျောက် ဣသရေလအမျိုးသားဘက်၌နေ၍ တရားစီရင်လော့။ သို့ပြီးမှ သင်သည် မိမိလူမျိုးစည်းဝေးရာသို့သွားရမည်ဟု မောရှေအားမိန့်တော်မူ၏။

3 မောရှေသည်လည်း လူများတို့ကိုခေါ်၍၊ အချို့တို့သည် လက်နက်ကို ကိုင်လျက်၊ မိဒျန်အမျိုးသားတို့သို့စစ်ချီ၍ ထာဝရဘုရားဘက်၌ တရားစီရင်စေ။

4 ဣသရေလအမျိုးအနွယ်တို့တွင် တမျိုးတမျိုးထဲက၊ လူတထောင်စီရွေး၍ စစ်ချီစေဟု စီရင်သည်အတိုင်း၊

5 ဣသရေလအမျိုးသား အထောင်အသောင်းတို့တွင် တမျိုးတမျိုးထဲက၊ စစ်တိုက်လက်နက်ပါသောသူတထောင်စီ၊ လူပေါင်းတသောင်းနှစ်ထောင်ကိုအပ်၍၊

6 မောရှေသည်ထိုသူတို့ကို၎င်း၊ သန့်ရှင်းသောလက်နက်နှင့်တကွ၊ မှုတ်ရာတံပိုးတို့ကိုကိုင်သော ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်ကို၎င်း စစ်ချီ စေ၏။

7 မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုသူတို့သည် မိဒျန်အမျိုးသားတို့ကိုတိုက်၍ လူယောက်ျားအပေါင်းတို့ကိုသတ်ကြ၏။