တော​လည် 31:22-28 BJB

22 ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ ကြေးဖြူ၊ ခဲအစရှိသော၊

23 မီးကိုခံနိုင်သောအရာရှိသမျှတို့ကို မီးအလယ်၌ သွားစေသဖြင့် စင်ကြယ်စေရမည်။ သို့ရာတွင် စင်ကြယ်စေသောရေဖြင့်လည်း စင်ကြယ်စေရမည်။ မီးမခံနိုင်သောအရာရှိသမျှတို့ကို ရေအလယ်၌သွားစေရမည်။

24 သတ္တမနေ့၌ မိမိအဝတ်ကိုလျှော်ပြီးမှ၊ စင်ကြယ်ခြင်းရှိ၍၊ တပ်ထဲသို့ဝင်ရကြမည်ဟု မှာထားလေ၏။

25 ထာဝရဘုရားကလည်း၊ သင်နှင့် ယဇ်ပုရောဟိတ်ဧလာဇာ၊

26 ပရိသတ်အဆွေအမျိုးသူကြီးတို့သည်၊ ယခုလက်ရသိမ်းယူခဲ့သော ဥစ္စာ၊ လူ၊ တိရစ္ဆာန်အပေါင်းတို့ကိုယူ၍၊

27 ထက်ဝက်ခွဲပြီးလျှင် တဝက်ကိုစစ်မှုထမ်း၍ အတိုက်သွားသောသူတို့အား၎င်း၊ တဝက်ကို ပရိသတ်အပေါင်းတို့အား၎င်း ပေးဝေလော့။

28 စစ်တိုက်သွားသောစစ်သူရဲတို့သည်၊ ထာဝရဘုရားအားပေးရသောအခွန်ကို ခွဲ၍ လူ၊ နွား၊ မြည်း၊ သိုးအကောင်းငါးရာတွင် တကောင်ကိ ကောက်ယူပြီးလျှင်၊