32 စစ်သူရဲတို့သည်လက်ရသိမ်းယူခဲ့၍ ကျန်ကြွင်းသော ဥစ္စာပေါင်းကား သိုးခြောက်သိန်းခုနစ်သောင်း ငါးထောင်၊
33 နွားခုနစ်သောင်းနှစ်ထောင်၊
34 မြည်းခြောက်သောင်းတထောင်
35 ယောက်ျားနှင့် မဆက်ဆံဘူးသောမိန်းမ သုံးသောင်းခုနစ်ထောင် ရှိသတည်း။
36 စစ်တိုက်သွားသော သူတို့ခံရသော ထက်ဝက်အဘို့ကား၊ သိုး သုံးသောင်းခုနစ်ထောင်ငါးရာ ရှိသည်ဖြစ်၍၊
37 ထာဝရဘုရားခံရသောအခွန်ကား၊ သိုးခြောက်ရာခုနစ်ဆယ်ငါးကောင်တည်း။
38 နွားသုံးသောင်းခြောက်ထောင်ရှိသည်ဖြစ်၍၊ ထာဝရဘုရားခံရသောအခွန်ကား၊ နွားခုနစ်ဆယ်နှစ်ကောင်တည်း။