43 ပရိသတ်တို့ခံရသောထက်ဝက်အဘို့ကား၊ သိုးသုံးသိန်းသုံးသောင်း ခုနစ်ထောင်ငါးရာ၊
44 နွားသုံးသောင်းခြောက်ထောင်၊
45 မြည်းသုံးသောင်းငါးရာ၊
46 လူတသောင်းခြောက်ထောင်ရှိသည်ဖြစ်၍
47 ဣသရေလအမျိုးသားခံရသောထက်ဝက်အဘို့ လူ၊ တိရစ္ဆာန် အကောင်ငါးဆယ်တို့တွင်တကောင်ကို မောရှေကောက်ယူ၍ ထာဝရဘုရား၏ တဲတော်ကိုစောင့်သော လေဝိသားတို့အားပေး၏။ ထိုသို့ ထာဝရဘုရားမှာထားတော်မူ၏။
48 လူတရာ၊ တထောင်ကိုအုပ်သောတပ်မှူးများ၊ ဗိုလ်များတို့သည်လည်း၊ မောရှေထံသို့ချဉ်းကပ်၍၊
49 ကိုယ်တော်ကျွန်တို့သည် အုပ်သောစစ်သူရဲတို့ကိုစာရင်းယူပြန်၍၊ လူတယောက်မျှမလျော့ပါ။