တော​လည် 32:22-28 BJB

22 သင်တို့ရှိသမျှသည်လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ ယော်ဒန်မြစ်တဘက်သို့ ကူးသွားလျှင်၎င်း၊ ထိုနောက်မှ ထာဝရဘုရားရှေ့၊ ဣသရေလအမျိုးသားရှေ့၌ အပြစ်ကင်းလွတ်လျက်၊ ဤပြည်သို့ ပြန်လာ၍ ထာဝရဘုရားအခွင့်နှင့် အမွေခံရကြမည်။

23 ထိုသို့မပြုလျှင်မူကား၊ သင်တို့သည် ထာဝရဘုရားကို ပြစ်မှားခြင်းရှိသည်အတိုင်း၊ ထိုအပြစ်သည် သင်တို့ကို လိုက်၍မှီလိမ့်မည်။

24 သူငယ်များအဘို့ မြို့တို့ကို၎င်း၊ သိုးများအဘို့ သိုးခြံတို့ကို၎င်း၊ တည်လုပ်ကြလော့။ ယခုပြောသမျှအတိုင်း ပြုကြလော့ဟုဆိုလျှင်၊

25 ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးတို့က၊ ကိုယ်တော်ကျွန်တို့သည် သခင်မိန့်တော်မူသည်အတိုင်းပြုပါမည်။

26 ကျွန်တော်တို့မယားသားသူငယ်များနှင့် သိုးနွားအလုံးစုံတို့သည် ဤအရပ်၊ ဂိလဒ်မြို့တို့၌ နေရစ်ရပါမည်။

27 ကိုယ်တော်ကျွန်အပေါင်းတို့မူကား၊ သခင်မိန့်တော်မူသည်အတိုင်း၊ လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ စစ်တိုက်ခြင်းငှါကူးသွားပါမည်ဟု လျှောက်ထားကြ၏။

28 ထိုအမှုကြောင့်၊ မောရှေသည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု အစရှိသော ဣသရေလအမျိုးသား အဆွေအမျိုးသူကြီးများတို့ကိုခေါ်၍၊