တော​လည် 32:27-33 BJB

27 ကိုယ်တော်ကျွန်အပေါင်းတို့မူကား၊ သခင်မိန့်တော်မူသည်အတိုင်း၊ လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ စစ်တိုက်ခြင်းငှါကူးသွားပါမည်ဟု လျှောက်ထားကြ၏။

28 ထိုအမှုကြောင့်၊ မောရှေသည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု အစရှိသော ဣသရေလအမျိုးသား အဆွေအမျိုးသူကြီးများတို့ကိုခေါ်၍၊

29 ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့သည်စစ်တိုက်ခြင်းငှါ အသီးအသီးလက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ သင်တို့နှင့်အတူ ယော်ဒန်မြစ်တဘက်သို့ကူးသွား၍၊ သင်တို့သည် ထိုပြည်ကိုအောင်ပြီးလျှင်၊ ထိုအမျိုးသားတို့အား ဂိလဒ်ပြည်ကိုအပိုင်ပေးရကြမည်။

30 သို့မဟုတ် သူတို့သည်လက်နက်ကိုင်လျက် သင်တို့နှင့်အတူမကူးမသွားလျှင်၊ ခါနာန်ပြည်၌ သင်တို့တွင် ကိုယ်ပိုင်ရာမြေကိုခံယူရကြမည်ဟု မှာထားလေ၏။

31 ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် ကိုယ်တော် ကျွန်တို့အားမိန့်တော်မူသည်အတိုင်း၊ ကျွန်တော်တို့သည် ပြုကြပါမည်။

32 ယော်ဒန်မြစ်အရှေ့ဘက်၌ အမွေခံရပါမည်အကြောင်း၊ ကျွန်တော်တို့သည် လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ ခါနာန်ပြည်သို့ ကူးသွားပါမည်ဟု ပြန်လျှောက်ကြ၏။

33 ထိုအခါမောရှေသည် အာမောရိရှင်ဘုရင်ရှိဟုန်၏နိုင်ငံဆိုင်သမျှ၊ ဗာရှန်ရှင်ဘုရင်ဩဃ၏ နိုင်ငံဆိုင်သမျှသောနယ်မြေမြို့ရွာတို့ကို ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသား၊ ယောသပ်၏သားမနာရှေမှဆင်းသက်သော မနာရှေအမျိုးသားတဝက်၌ အပ်ပေးလေ၏။