31 မောသရုတ်အရပ်မှပြောင်း၍ ဗင်္ယာကန်အရပ်၌ စားခန်းချကြ၏။
32 ဗင်္ယာကန်အရပ်မှပြောင်း၍ ဟောရဂိဒ်ဂဒ်အရပ်၌ စားခန်းချကြ၏။
33 ဟောရဂိဒ်ဂဒ်အရပ်မှပြောင်း၍ ယုပ္ဘသအရပ်၌စားခန်းချကြ၏။
34 ယုပ္ဘသအရပ်မှပြောင်း၍ ဧဗြောနအရပ်၌စားခန်းချကြ၏။
35 ဧဗြောနအရပ်မှပြောင်း၍ ဧဇယုန်ဂါဗာအရပ်၌ စားခန်းချကြ၏။
36 ဧဇယုန်ဂါဗာအရပ်မှပြောင်း၍ဇိနတော၊ ကာဒေရှအရပ်၌စားခန်းချကြ၏။
37 ကာဒေရှအရပ်မှပြောင်း၍ ဧဒုံပြည်အနားမှာဟောရတောင်၌ စားခန်းချကြ၏။