32 ဗင်္ယာကန်အရပ်မှပြောင်း၍ ဟောရဂိဒ်ဂဒ်အရပ်၌ စားခန်းချကြ၏။
33 ဟောရဂိဒ်ဂဒ်အရပ်မှပြောင်း၍ ယုပ္ဘသအရပ်၌စားခန်းချကြ၏။
34 ယုပ္ဘသအရပ်မှပြောင်း၍ ဧဗြောနအရပ်၌စားခန်းချကြ၏။
35 ဧဗြောနအရပ်မှပြောင်း၍ ဧဇယုန်ဂါဗာအရပ်၌ စားခန်းချကြ၏။
36 ဧဇယုန်ဂါဗာအရပ်မှပြောင်း၍ဇိနတော၊ ကာဒေရှအရပ်၌စားခန်းချကြ၏။
37 ကာဒေရှအရပ်မှပြောင်း၍ ဧဒုံပြည်အနားမှာဟောရတောင်၌ စားခန်းချကြ၏။
38 ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်သောနောက်၊ သက္ကရာဇ်လေးဆယ်၊ ပဥ္စမလ ပဌမနေ့ရက်၌ ထာဝရဘုရားအမိန့်တော်ရှိသည်တိုင်း၊ ယဇ်ပုရောဟိတ်အာရုန်သည် ဟောရတောင်ပေါ်သို့တက်၍ အနိစ္စရောက်လေ၏။