တော​လည် 33:5-11 BJB

5 ဣသရေလအမျိုးသားတို့သည် ရာမသက်မြို့မှပြောင်း၍ သုကုတ်အရပ်၌ စားခန်းချကြ၏။

6 သုကုတ်အရပ်မှပြောင်း၍ တောစပ်နား၊ ဧသံမြို့၌စားခန်းချကြ၏။

7 ဧသံမြို့မှပြောင်း၍ ဗာလဇေဖုန်မြို့ရှေ့မှာရှိသော ပိဟဟိရုတ်မြို့သို့ တဖန်လည်၍ မိဂဒေါလမြို့ရှေ့၌ စားခန်းချကြ၏။

8 ပိဟဟိရုတ်မြို့မှပြောင်း၍ ပင်လယ်အလယ်၌ရှောက်သွားသဖြင့် ဧသံတောသို့ ရောက်၍၊ ထိုတောထဲ၌သုံးရက်ခရီးသွားပြီးလျှင်၊ မာရအရပ်၌စားခန်းချကြ၏။

9 မာရအရပ်မှပြောင်း၍ ရေတွင်းဆယ်နှစ်တွင်းနှင့် စွန်ပလွံပင်ခုနစ်ဆယ်ရှိသော ဧလိမ်ရွာသို့ရောက်၍ စားခန်းချကြ၏။

10 ဧလိမ်ရွာမှပြောင်း၍ ဧဒုံပင်လယ်နားမှာ စားခန်းချကြ၏။

11 ဧဒုံပင်လယ်မှပြောင်း၍ သိန်တော၌ စားခန်းချကြ၏။