9 မာရအရပ်မှပြောင်း၍ ရေတွင်းဆယ်နှစ်တွင်းနှင့် စွန်ပလွံပင်ခုနစ်ဆယ်ရှိသော ဧလိမ်ရွာသို့ရောက်၍ စားခန်းချကြ၏။
10 ဧလိမ်ရွာမှပြောင်း၍ ဧဒုံပင်လယ်နားမှာ စားခန်းချကြ၏။
11 ဧဒုံပင်လယ်မှပြောင်း၍ သိန်တော၌ စားခန်းချကြ၏။
12 သိန်တောမှပြောင်း၍ ဒေါဖကာအရပ်၌စားခန်းချကြ၏။
13 ဒေါဖကာအရပ်မှပြောင်း၍ အာလုရှအရပ်၌စားခန်းချကြ၏။
14 အာလုရှအရပ်မှပြောင်း၍ လူများသောက်စရာရေမရှိသော ရေဖိဒိမ်အရပ်၌ စားခန်းချကြ၏။
15 ရေဖိဒိမ်အရပ်မှပြောင်း၍ သိနာတော၌စားခန်းချကြ၏။