တော​လည် 34:1-7 BJB

1 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည်ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

2 သင်တို့သည် ခါနာန်ပြည်သို့ ရောက်ကြသောအခါ၊ သင်တို့အမွေခံရသော ခါနာန်ပြည်နယ် အပိုင်းအခြားဟူမူကား၊

3 တောင်မျက်နှာတွင် ဇိနတောင်မှ ဧဒုံပြည်အနား၌ရှောက်လျှင်၊ သောဒုံအိုင် အရှေ့စွန်းသည် တောင်ဘက်အပိုင်းအခြားဖြစ်ရမည်။

4 တောင်ဘက်အပိုင်းအခြားသည် တောင်မျက်နှာမှလည်၍၊ အာကရဗ္ဗိမ်ကုန်းကို ရှောက်လျက် ဇိနရွာသို့ရောက်ရမည်။ ထိုရွာကပြန်၍ ကာဒေရှဗာနာရွာ၊ ဟာဇရဒ္ဒါရွာ၊ အာဇမုန်ရွာကိုရှောက်သဖြင့်၊

5 အာဇမုန်ရွာမှပြန်၍ အဲဂုတ္တုချောင်းကိုလိုက်လျက် ပင်လယ်၌ဆုံးရမည်။

6 အနောက်ဘက်၌ ပင်လယ်ကြီးသည် အနောက်အပိုင်းအခြားဖြစ်ရမည်။

7 မြောက်ဘက်အပိုင်းအခြားသည် ကြီးသောပင်လယ်ကထွက်၍ ဟောရတောင်ကို ရှေ့ရှုသွားပြီးလျှင်၊