တော​လည် 34:7-13 BJB

7 မြောက်ဘက်အပိုင်းအခြားသည် ကြီးသောပင်လယ်ကထွက်၍ ဟောရတောင်ကို ရှေ့ရှုသွားပြီးလျှင်၊

8 ထိုတောင်မှ ဟာမတ်လမ်းဝ၊ ဇေဒဒ်ရွာ၊

9 ဇိဖြုန်ရွာကိုရှောက်၍ ဟာဇရေနန်ရွာ၌ဆုံးရမည်။

10 အရှေ့အပိုင်းအခြားသည် ဟာဇရေနန်ရွာမှထွက်၍ ရှေဖံရွာသို့ရောက်ပြီးလျှင်၊

11 အဣနရွာအရှေ့၌ရှောက်၍ ရိဗလရွာသို့သွားရမည်။ ထိုရွာမှထွက်၍ ဂင်္နေသရက်အိုင်အရှေ့ကမ်းကို ရှောက်သဖြင့်၊

12 ယော်ဒန်မြစ်ကိုလိုက်၍ သောဒုံအိုင်၌ဆုံးရမည်။ ဤရွေ့ကား၊ သင်တို့ အမွေခံရသောပြည်နယ် အပိုင်းအခြားဖြစ်သတည်းဟု မိန့်တော်မူ၏။

13 မောရှေကလည်း၊ ဤရွေ့ကား၊ သင်တို့သည်စာရေးတံချ၍ အမွေခံရသောပြည်၊ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အမျိုးကိုးမျိုးနှင့် အမျိုးတဝက်၌ ဝေပေးရသောပြည်ဖြစ်သတည်း။