တော​လည် 34:9-16 BJB

9 ဇိဖြုန်ရွာကိုရှောက်၍ ဟာဇရေနန်ရွာ၌ဆုံးရမည်။

10 အရှေ့အပိုင်းအခြားသည် ဟာဇရေနန်ရွာမှထွက်၍ ရှေဖံရွာသို့ရောက်ပြီးလျှင်၊

11 အဣနရွာအရှေ့၌ရှောက်၍ ရိဗလရွာသို့သွားရမည်။ ထိုရွာမှထွက်၍ ဂင်္နေသရက်အိုင်အရှေ့ကမ်းကို ရှောက်သဖြင့်၊

12 ယော်ဒန်မြစ်ကိုလိုက်၍ သောဒုံအိုင်၌ဆုံးရမည်။ ဤရွေ့ကား၊ သင်တို့ အမွေခံရသောပြည်နယ် အပိုင်းအခြားဖြစ်သတည်းဟု မိန့်တော်မူ၏။

13 မောရှေကလည်း၊ ဤရွေ့ကား၊ သင်တို့သည်စာရေးတံချ၍ အမွေခံရသောပြည်၊ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အမျိုးကိုးမျိုးနှင့် အမျိုးတဝက်၌ ဝေပေးရသောပြည်ဖြစ်သတည်း။

14-15 ရူဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုးသားတဝက်တည်းဟူသော အမျိုးနှစ်မျိုးနှင့် တဝက်တို့သည် မိမိတို့အမွေခံသောမြေကို ယော်ဒန်မြစ်အရှေ့၊ ယေရိခေါမြို့တဘက်၊ နေထွက်ရာဘက်၌ ဘိုးဘအဆွေအမျိုးအလိုက်ခံရကြပြီဟု ဣသရေလအမျိုးသားတို့အားမှာထားလေ၏။

16 တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊