တော​လည် 35:17-23 BJB

17 လူအသက်ကိုသေစေခြင်းငှာ ကျောက်ခဲနှင့်ပစ်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။

18 လူအသက်ကိုသေစေခြင်းငှာ သစ်သားလက်နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။

19 သေစားသေစေသောသူသည် လူသတ်ကိုတွေ့သောအခါ၊ ကိုယ်တိုင်သတ်ရမည်။

20 သူတပါးကို အငြိုးထား၍တွန်းချသော်၎င်း၊ သေစေခြင်းငှါ ချောင်းမြောင်း၍ တစုံတခုနှင့် ပစ်သော်၎င်း၊

21 သေစေခြင်းငှါမုန်းသောစိတ်ရှိ၍ လက်နှင့်ရိုက်သော်၎င်း၊ ထိုသို့ပြုသောသူသည် လူသတ်ဖြစ်သောကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေစားသေစေသောသူသည် တွေ့သောအခါသတ်ရမည်။

22 သို့မဟုတ် မုန်းသောစိတ်မရှိဘဲ အမှတ်တမဲ့တွန်းချသော်၎င်း၊ မချောင်းမြောင်းဘဲ တစုံတခုနှင့် ပစ်မိသော်၎င်း၊

23 သူ၏ရန်သူမဟုတ်၊ မုန်းသောစိတ်မရှိ၊ သူ့ကိုမမြင်ဘဲလျက် သေအောင် ကျောက်ခဲနှင့် ပစ်မိသော်၎င်း၊