26 လူအသက်ကိုသတ်မိသောသူသည်ပြေး၍ မှီခိုသောမြို့နယ်ပြင်သို့ ထွက်သော်၊
27 သေစားသေစေသောသူသည် မြို့နယ်ပြင်မှာ ထိုသူကိုတွေ့၍သတ်လျှင်၊ လူအသက်ကိုသတ်သောအပြစ်မရှိ။
28 အကြောင်းမူကား၊ ထိုသူသည် ယဇ်ပုရောဟိတ်မင်းမသေမှီတိုင်အောင်၊ မိမိမှီခိုသော မြို့ထဲမှာနေရမည်။ ယဇ်ပုရောဟိတ်မင်းသေသောနောက်မှ၊ ထိုသူသည် မိမိပိုင်သောမြေသို့ ပြန်ရသောအခွင့်ရှိ၏။
29 ဤရွေ့ကား၊ သင်တို့သည်နေလေရာရာ၌ သားမြေးအစဉ်အဆက်စောင့်ရသော စီရင်ထုံးဖွဲ့ချက်ဖြစ်သတည်း။
30 လူအသက်ကိုသတ်၍ လူသတ်ဖြစ်သောသူမည်သည်ကား၊ သက်သေခံချက် ရှိသည်အတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ သို့ရာတွင် သက်သေတယောက်တည်းသာရှိလျှင် မသတ်ရ။
31 အသေခံထိုက်သောလူသတ်၏ အသက်ဘိုးငွေကို မခံမယူရ။ သူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
32 မှီခိုရာမြို့သို့ပြေးသောသူသည်၊ ယဇ်ပုရောဟိတ်မင်းမသေမှီ၊ မိမိနေရင်းအရပ်သို့ ပြန်၍နေမည်အကြောင်း၊ အရွေးငွေကို မခံမယူရ။