တော​လည် 35:3-9 BJB

3 ထိုမြို့တို့သည် လေဝိသားနေစရာဘို့ဖြစ်၍၊ မြို့ပတ်လည်နယ်တို့၌ သိုးနွား အစရှိသောတိရစ္ဆာန်များနှင့် ဥစ္စာများကိုထားရမည်။

4 လေဝိသားတို့အားပေးသော မြို့နယ်တို့ကို မြို့ပြင်ပတ်လည်၌ အတောင်တထောင် ကျယ်စေရမည်။

5 မြို့ပြင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်လေးမျက်နှာ၌ နှစ်ထောင်စီ တိုင်းထွာ၍၊ ထိုမြေအလယ်ချက်၌ မြို့တည်ရမည်။ ဤရွေ့ကား၊ မြို့နယ်အတိုင်း အရှည်ဖြစ်ရသတည်း။

6 လေဝိသားတို့အားပေးသောမြို့တို့တွင်၊ လူကိုသတ်သောသူသည် ပြေး၍မှီခိုရာမြို့ ခြောက်မြို့တို့ကိုရွေးထားရမည်။ ထိုမြို့မှတပါး အခြားသောမြို့လေးဆယ်နှစ်မြို့တို့ကို ပေးရမည်။

7 ထိုသို့လေဝိသားတို့အားပေးရသော မြို့ပေါင်းကား၊ နယ်နှင့်တကွ လေးဆယ်ရှစ်မြို့ဖြစ်သတည်း။

8 ထိုမြို့တို့ကို ဣသရေလအမျိုးသားပိုင်သော မြေထဲကနှုတ်ရမည်။ များသောမြေကိုရသောသူသည် များသောမြို့၊ နည်းသောမြေကိုရသောသူသည် နည်းသောမြို့တို့ကိုပေးရမည်။ လူအသီးသီးတို့သည် အမွေခံရသည်အတိုင်း၊ မိမိတို့မြို့များထဲကနှုတ်၍ လေဝိသားတို့အားပေးရမည်။

9 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊